Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 39:6-8

ယေဇကျေလအနာဂတ္တိကျမ်း 39:6-8

6
မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7
ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8
တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်