Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 39:1-8

ယေဇကျေလအနာဂတ္တိကျမ်း 39:1-8

1
သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2
သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3
ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4
သင်နှင့်သင်၌ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့် မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5
သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6
မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7
ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8
တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
Settings

Reading Style

Typeface

Font Size 19px

Options