ယေဇကျေလအနာဂတ္တိကျမ်း 36:24-30
24
အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။
25
သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
26
စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
27
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
28
ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
29
သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
30
သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။
Settings