အကြောင်းအရာသို့ ကျော်သွားရန်
ယေဇကျေလအနာဂတ္တိကျမ်း 28:24-26

ဣသရေလ၏ ပြန်လည်တည်ထောင်ခြင်းနှင့် လုံခြုံခြင်း

ယေဇကျေလအနာဂတ္တိကျမ်း 28:24-26
24
ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25
တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
26
ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options