Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 27:13

ယေဇကျေလအနာဂတ္တိကျမ်း 27:13

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 13 ကို ပြသနေသည်။
10
ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။
11
အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေ ကြ၏။
12
သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။
13
ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
14
တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
15
ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သား နက်ကို ပြန်ပေးကြ၏။
16
သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options