ယေဇကျေလအနာဂတ္တိကျမ်း 11:15-17
15
အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16
ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
17
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်