အကြောင်းအရာသို့ ကျော်သွားရန်
ဧသတာဝတ္ထု 6:12-14

အရှက်ကွဲခြင်းနှင့် ဘေးဆိုးကြိုတင်သိခြင်း

ဧသတာဝတ္ထု 6:12-14
12
သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊
13
မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။
14
ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options