အကြောင်းအရာသို့ ကျော်သွားရန်
တရားဟောရာကျမ်း 5:29-33

ဘုရားသခင်သည် ဣသရေလ၏ ရည်ရွယ်ချက်ကို ချီးမွမ်းခြင်း

တရားဟောရာကျမ်း 5:29-33
29
သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။
30
တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့။
31
သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေ လော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌ သူတို့ကျင့်ဘို့ ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံး ဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
32
သို့ဖြစ်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
33
သင်တို့ ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည် အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ ရှောက်သွား ရကြမည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options