တရားဟောရာကျမ်း 4:19-21
19
မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။
20
သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။
21
ထိုမှတပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်