Skip to content
တရားဟောရာကျမ်း 31:19-22

တရားဟောရာကျမ်း 31:19-22

19
ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
20
အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
21
ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
22
မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options