Skip to content
ကောလောသဲဩဝါဒစာ 4:10-14

ကောလောသဲဩဝါဒစာ 4:10-14

10
ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ တူမာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့ သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက်သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။
11
အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှု ဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။
12
သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။
13
သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။
14
ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options