Skip to content
တိမောသေဩဝါဒစာဒုတိယစောင် 1:16-18

တိမောသေဩဝါဒစာဒုတိယစောင် 1:16-18

16
ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊
17
ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။
18
သူသည်ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည်ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။
Settings

Reading Style

Typeface

Font Size 19px

Options