တိမောသေဩဝါဒစာဒုတိယစောင် 1:1-6
1
ယေရှုခရစ်၌တည်သော အသက်ကိုပေးမည်ဟုဂတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော် အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ၏။
2
ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။
3
သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့်၎င်း၊
4
သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊
5
နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
6
ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကို သတိပေး၏။
Settings