Skip to content
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:11-12

ထိုက်တန်စေရန်နှင့် ဘုန်းထင်ရှားစေရန် ဆုတောင်းခြင်း

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:11-12
11
ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ၎င်း၊
12
သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်းနှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့်ပြည့်စုံစေတော်မူမည် အကြောင်း၊ ငါတို့သည် သင်တို့အဘို့ အစဉ်ဆုတောင်း ပဌနာပြုကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options