Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 22:27-31

ဓမ္မရာဇဝင်ဒုတိယစောင် 22:27-31

27
သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
28
နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
29
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
30
အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
31
ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်