Skip to content
ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:9-18

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:9-18

9
လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။
10
သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရ ဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
11
သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့်၊
12
မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း။
13
ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ၏။
14
ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ် အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့။
15
ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများ ကိုပြော၍စီရင်သော ဩဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့။
16
ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောင်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။
17
သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း၊ ဤအရာများကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့။
18
ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင်ပြီး၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options