Skip to content
ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:17-22

ယုံကြည်ခြင်းမှ စွန့်ခွာသူတို့၏ လှည့်ဖြားခြင်းနှင့် ကံကြမ္မာ

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:17-22
17
ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။
18
အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။
19
လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။
20
ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ကိုသိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်း လွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန် သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။
21
ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီး သော သန့်ရှင်း သော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။
22
ခွေးသည်မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options