ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:3-4
3
ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။
4
ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။
Settings