ကောရိန္သုဩဝါဒစာဒုတိယစောင် 8:7-9
7
ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။
8
ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း။
9
အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။
Settings