အကြောင်းအရာသို့ ကျော်သွားရန်
ရာဇဝင်ချုပ်ဒုတိယစောင် 25:1-4

အာမဇိသည် ယုဒပြည်ကို စိုးစံခြင်း

ရာဇဝင်ချုပ်ဒုတိယစောင် 25:1-4
1
အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
2
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။
3
အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏။
4
သားအတွက်အဘသည် အသေမခံရ။ အဘ အတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲ နေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options