Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 20:7-12

ရာဇဝင်ချုပ်ဒုတိယစောင် 20:7-12

7
ဤပြည်၌နေဘူးသောသူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော် မူသော အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော။
8
သူတို့သည် နေရာကျ၍၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြသောအခါ၊
9
အကျွန်ုပ်တို့အပေါ်မှာထားဘေး၊ ဒဏ်ခတ်ခြင်း ဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက်၍၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။
10
ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ တိုက်ရသော အခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မန်မျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့ သည်၊
11
အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံ ရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။
12
အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း၍၊
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options