Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 14:9-13

ရာဇဝင်ချုပ်ဒုတိယစောင် 14:9-13

9
တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက် သောအခါ၊
10
အာသသည်ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖ သချိုင့်၌ စစ်ပြိုင်ကြ၏။
11
အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
12
ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။
13
အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options