ရာဇဝင်ချုပ်ဒုတိယစောင် 14:13-15
13
အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
14
ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
15
တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက်၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ၍။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။
Settings