တိမောသေဩဝါဒစာပဌမစောင် 5:12
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 12 ကို ပြသနေသည်။
9
မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊
10
ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။
11
အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊
12
အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။
13
ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14
ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။
15
အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။
Settings