Skip to content
ဓမ္မရာဇဝင်ပဌမစောင် 17:34-37

ဓမ္မရာဇဝင်ပဌမစောင် 17:34-37

34
ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
35
ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။
36
ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
37
ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်