Skip to content
ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:12-14

ယုံကြည်သူတို့အား အားပေးခြင်း

ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:12-14
12
ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။
13
အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။
14
အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options