အကြောင်းအရာသို့ ကျော်သွားရန်
ကောရိန္သုဩဝါဒစာပဌမစောင် 3:18-23

စစ်မှန်သော ဉာဏ်ပညာနှင့် ဘုရားသခင်၏ပိုင်ဆိုင်ခြင်း

ကောရိန္သုဩဝါဒစာပဌမစောင် 3:18-23
18
အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။
19
အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏ဟု လာသတည်း။
20
တဖန်တုံ၊ ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏ဟု လာသတည်း။
21
ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှလူတို့၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့ အဘို့ဖြစ်ကြ၏။
22
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။
23
သင်တို့သည်လည်း၊ ခရစ်တော်အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင်အဘို့ ဖြစ်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options