Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 13:8-12

မေတ္တာသည် အစဉ်တည်၏၊ ဆုကျေးဇူးများမူကား ယာယီဖြစ်ကြ၏

ကောရိန္သုဩဝါဒစာပဌမစောင် 13:8-12
8
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
9
ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။
10
စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
11
ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
12
ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options