Skip to content
ရာဇဝင်ချုပ်ပဌမစောင် 2:9-17

ဖာရက်မှ ဒါဝိဒ်အထိ အမျိုးအနွယ်

ရာဇဝင်ချုပ်ပဌမစောင် 2:9-17
9
ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
10
အာရံသားကား အမိနဒပ်၊ အမိနဒပ် သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။
11
နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
12
ဇောဇသား ဩဗက်၊ ဩဗက်သားယေရှဲတည်း။
13
ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
14
စတုတ္ထသား နာသနေလ၊ ပဉ္စမသား ရဒ္ဒဲ၊
15
ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။
16
သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။
17
အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options