Zimri အကြောင်း ကျမ်းစာအခန်းငယ်များ: 1. A chief of Simeon
1. A chief of Simeon အကြောင်း အခန်းငယ်များ
ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊
ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု၏သား ဇိမရိဖြစ်သတည်း။