အကြောင်းအရာသို့ ကျော်သွားရန်

Wave Offering အကြောင်း ကျမ်းစာအခန်းငယ်များ: Was given to the priest as his due

9 အခန်းငယ် · 12 ရှုထောင့်

Was given to the priest as his due အကြောင်း အခန်းငယ်များ

  1. အာရုန်၏အရာ၌ ခန့်ထားရာ သိုး၏ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။

  2. ထိုသို့ အာရုန်နှင့်သားတို့၏ အရာ၌ ခန့်ထားသော သိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ်ကို၎င်း၊ ချီမြှောက်သော ပူဇော်သက္ကာပြု၍၊ ချီမြှောက်သော ပခုံးကို၎င်း သန့်ရှင်းစေ ပြီးမှ၊

  3. ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏ အဘို့၊ သူ့သားတို့၏အဘို့ ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရ ဘုရား ရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ်၏။

  4. ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။

  5. ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

  6. ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။

  7. မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။

  8. ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။

  9. ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။