Tribute အကြောင်း ကျမ်းစာအခန်းငယ်များ: Gold and silver
Gold and silver အကြောင်း အခန်းငယ်များ
ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။
ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင် အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရောနေခေါအား ဆက်လေ၏။