Tola အကြောင်း ကျမ်းစာအခန်းငယ်များ: 1. Son of Issachar
1. Son of Issachar အကြောင်း အခန်းငယ်များ
ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။