အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Dan အကြောင်း ကျမ်းစာအခန်းငယ်များ: Plundered Michah of his idols and his ephod

5 အခန်းငယ် · 23 ရှုထောင့်

"The Tribe Of Dan" ကို ရှာဖွေရန်

Plundered Michah of his idols and his ephod အကြောင်း အခန်းငယ်များ

  1. လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင်၍၊

  2. ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော်၊-

  3. သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့ အဘလုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊

  4. ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။

  5. ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။