အကြောင်းအရာသို့ ကျော်သွားရန်

The Power of the Holy Spirit အကြောင်း ကျမ်းစာအခန်းငယ်များ: Enable to speak the truth boldly by

5 အခန်းငယ် · 19 ရှုထောင့်

"The Power of the Holy Spirit" ကို ရှာဖွေရန်

Enable to speak the truth boldly by အကြောင်း အခန်းငယ်များ

  1. ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။

  2. ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊

  3. သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။

  4. အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။

  5. ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။