အကြောင်းအရာသို့ ကျော်သွားရန်

The Euphrates အကြောင်း ကျမ်းစာအခန်းငယ်များ

7 အခန်းငယ် · 14 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊

  2. သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊

  3. မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။

  4. ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။

  5. ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။

  6. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊

  7. ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။