The Death of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။
သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။
ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။