အကြောင်းအရာသို့ ကျော်သွားရန်

Sleep အကြောင်း ကျမ်းစာအခန်းငယ်များ: A symbol of death

7 အခန်းငယ် · 4 ရှုထောင့်

A symbol of death အကြောင်း အခန်းငယ်များ

  1. လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။

  2. ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။

  3. အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊

  4. လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊

  5. ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။

  6. တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။

  7. ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။