အကြောင်းအရာသို့ ကျော်သွားရန်

Shekel အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 6 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။

  2. အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

  3. ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့်မကွာရ။

  4. ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။

  5. ငယ်သားက၊ ကျွန်တော်လက်၌ ငွေတမတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏ လူအား ပေးပါမည်ဟု ရှောလုအား ပြန်ပြော၏။

  6. ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့်၊

  7. ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

  8. ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။