Sapphira အကြောင်း ကျမ်းစာအခန်းငယ်များ: Wife of Ananias. Falsehood and death of.
Wife of Ananias. Falsehood and death of. အကြောင်း အခန်းငယ်များ
သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား၊ ဥစ္စာတစုံတခုကို ရောင်း ပြီးလျှင်၊
ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကိုထိမ်ဝှက်မည် အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း။
ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း။ လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။
ထိုစကားကိုကြားလျှင်၊ အာနနိသည်လဲ၍ သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်း တို့သည် အလွန်ကြောက်လန့်ခြင်း သို့ရောက်ကြ၏။
လုလင်တို့သည်လည်းထ၍ အလောင်းကောင် ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။
ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလောဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။
ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ် တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည်တံခါးနားမှာ ရှိသည် ဖြစ်၍၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသော ခဏခြင်းတွင်၊
ထိုမိန်းမသည် ပေတရု၏ ခြေရင်း၌ လဲ၍ သေလေ၏။ လုလင်တို့ သည်လည်းဝင်၍ ထိုမိန်းမသေ သည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။