Skip to content

Responsive Religious Service အကြောင်း ကျမ်းစာအခန်းငယ်များ

13 အခန်းငယ်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား၊

  2. ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသော ဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။

  3. မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  4. အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  5. မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။

  6. တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  7. အဘနှင့်သာဆိုင်သော အဘ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  8. တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  9. အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  10. မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  11. အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  12. အပြစ်မရှိသော သူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

  13. ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။