အကြောင်းအရာသို့ ကျော်သွားရန်

Maher-Shalal-Hash-Baz အကြောင်း ကျမ်းစာအခန်းငယ်များ

4 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။

  2. ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။

  3. ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။

  4. အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။