Skip to content

Jonathan အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 11 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-

  2. တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။

  3. မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-

  4. မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-

  5. ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။

  6. မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။

  7. မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။

  8. ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။

  9. ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။