Skip to content

Hatred အကြောင်း ကျမ်းစာအခန်းငယ်များ

29 အခန်းငယ် · 40 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊

  2. ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။

  3. ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။

  4. မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။