Fish အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။
ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့ လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊
မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။
အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။
ပင်လယ်ရေ၊ မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည်။
အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။
ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။
အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။
အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။