အကြောင်းအရာသို့ ကျော်သွားရန်

Eliphaz အကြောင်း ကျမ်းစာအခန်းငယ်များ: 1. Son of Esau

7 အခန်းငယ် · 2 ရှုထောင့်

1. Son of Esau အကြောင်း အခန်းငယ်များ

  1. ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။

  2. ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။

  3. ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။

  4. ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။

  5. ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။

  6. ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊

  7. ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။