Skip to content

Armor အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။

  2. မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။

  3. မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။

  4. အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။

  5. ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။

  6. သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊

  7. ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

  8. မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။

  9. ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။