အကြောင်းအရာသို့ ကျော်သွားရန်

Mizpah

6 verses · 2 known names

အခြားအမည်: Mizpeh

32.5600, 36.0000 Google Maps တွင် ကြည့်ရန်

Mizpah ကို ဖော်ပြသော အခန်းငယ်များ

  1. မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူ ကား၊ လာဗန်က၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။

  2. အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။

  3. ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား၍ သူ့ကို လူများတို့၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။

  4. ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကို ရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။

  5. ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၏။ သည် တယောက်တည်းသော သမီးဖြစ်၍၊ သူမှတပါး သားသမီးမရှိ။

  6. အို ယဇ်ပုရောဟိတ် တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော် သားတို့၊ နားထောင်ကြလော့။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ။