Skip to content

Hermon

7 verses

33.4100, 35.8500 Google Maps တွင် ကြည့်ရန်

Hermon ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင် တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။

  2. လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။

  3. ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊

  4. ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊

  5. နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။

  6. ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊

  7. မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။