Skip to content

ဆာလံကျမ်း64

လျှို့ဝှက်ရန်သူတို့လက်မှ ကယ်နုတ်တော်မူရန် ဆုတောင်းခြင်း

1
အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။
2
လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ။
3
ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏။
4
စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့်၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ၏။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ၏။
5
မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။
6
မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ၏။

ဘုရားသခင်၏ ရုတ်တရက်တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ကြောင်း ထင်ရှားစေခြင်း

7
သူတို့၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။
8
သို့ဖြစ်၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။
9
လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။
10
ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။
Use arrow keys to navigate
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options